ပြည်တွင်းစားသုံးမှုနှင့် အီသနောထုတ်လုပ်မှုကို အရှိန်မြှင့်တင်ရန်ရည်ရွယ်၍ သကြားတင်ပို့ခွင့်ကို အိန္ဒိယဆက်လက်ပိတ်ပင်

Powered by Drupal

      ကြံထွက်ရှိမှုနည်းပါးမည်ဟု မျှော်မှန်းရသောကြောင့် အိန္ဒိယအစိုးရသည် သကြားတင်ပို့ခွင့်ကို (၂)နှစ်ဆက်တိုက်ပိတ်ပင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ဘိုင်အိုလောင်စာအတွက် ထောက်ပံ့မှုပေးနိုင်ရေးအရှိန်မြှင့်တင်ရန် အားထုတ်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ရေနံကုမ္ပဏီများက သကြားစက်များထံမှ အီသနောဝယ်ယူမှုများရှိနေကြောင်း သိရပါသည်။ ကမ္ဘာ့သကြား ဈေးကွက်တွင် အိန္ဒိယပါဝင်မှုသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့နိုင်စွမ်းကို ကျုံ့သွားစေပြီး အမေရိကန်နှင့် အင်္ဂလန်တို့တွင် သကြားဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ အကြီးမားဆုံး သကြားထုတ်လုပ်သူ ဘရာဇီးသည် မိုးခေါင်မှုကြောင့် အထွက်နှုန်းကျဆင်း နိုင်သော အခါ အိန္ဒိယသည် သကြားစက်များအား တင်ပို့မှုပိတ်ပင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ပြည်တွင်းသုံးစွဲရန် သကြားဖူလုံမှုရရှိပါက ၎င်းတို့၏ နောက်ထပ်ရည်မှန်းချက်သည် အီသနော ထုတ်လုပ်ရန်ဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ကြောင်း သိရပါသည်။ ကာဗွန်ထုတ်လုပ်မှုကိုလျှော့ချရန်အတွက် အိန္ဒိယသည် Gasoline တွင် အီသနောပါဝင်မှုပမာဏ ကို ယခုတွင် ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်း ကြားပါဝင်ရာမှ ၂၀၂၅-၂၀၂၆ တွင် ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ E.I.D.Parry Balrampur Chini Mills၊ Shree Renuka၊ Bajaj Hindustan နှင့် Dwarikesh Sugar အစရှိသည့် အိန္ဒိယဆန်စက်များသည် ၎င်းတို့၏ အီသနောထုတ်လုပ်နိုင်စွမ်းကို လွန်ခဲ့သည့် နှစ်အနည်းငယ်မှ စ၍ မြှင့်တင်ခဲ့ကြောင်း သိရပါသည်။ အစိုးရသည်လည်း အီသနောဝယ်ယူသည့်ဈေးနှုန်းကို ဈေးကွက်ရာသီအသစ်ဖြစ်သည့် နိုဝင်ဘာလမှစ၍ ၅ ရာခိုင်နှုန်းကျော်မြှင့်တင်ရန် စဉ်းစားလျက်ရှိကြောင်း သိရပါသည်။ လွန်ခဲ့သည့် လတွင် အစိုးရသည် နိုဝင်ဘာလမှစ၍ သကြားစက်များအား ကြံရည်နှင့်သကြားရည်များအား အီသနောထုတ်လုပ်ရန်အတွက်သာ ခွင့်ပြုမည်ဟု အမိန့်ထုတ် ထားကြောင်း သိရပါသည်။ အိန္ဒိယအပြင် ကမ္ဘာ့အကြီးဆုံးသကြားထုတ်လုပ်သူ ဘရာဇီးသည် လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ သကြားစက်များအား သကြားတင်ပို့ခွင့် ပိတ်ပင်ထားကြောင်း သိရပါသည်။ နယူးဒေလီအစိုးရသည် လွန်ခဲ့သည့်ရာသီတွင် သကြား တန်ချိန် မက်ထရစ်တန် ၆.၁ သန်းသာ တင်ပို့ခွင့် ပြုခဲ့ပြီး အဆိုပါ ပမာဏသည် ၂၀၂၁-၂၀၂၂ က တင်ပို့မှု၏ ထက်ဝက်သာလျှင်ရှိကြောင်း သိရပါသည်။ မွန်ဘိုင်းမြို့အခြေစိုက်ကုန်သည်တစ်ဦးက ဘရာဇီးနိုင်ငံမှ ထုတ်လုပ်မှုကျဆင်းရန် ခန့်မှန်းရသောကြောင့် ကမ္ဘာကြီးသည် ၂၀၂၅ ခုနှစ်တွင် အိန္ဒိယ၏တင်ပို့မှုများကို လိုအပ်ကြောင်းနှင့် အိန္ဒိယ၏ တင်ပို့မှု မရရှိပါက ကမ္ဘာ့သကြားဈေးနှုန်းများ ဆက်လက်မြင့်တက်လိမ့်မည်ဟု ပြောကြားခဲ့ပါ သည်။  

Source: Malay Mail

 

DOCA(ရန်ကုန်)