စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင်ဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုး ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ ပြည်သူ့ကျန်းမာ၊တိုင်းရင်းဆေးအဖွဲ့ နှင့် ပူးပေါင်း၍ (၁၀.၉.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် မြို့ပေါ်ရှိဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှုးမှ မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်များအား မေးမြန်းခဲ့ရာ ဆေးများကို ရန်ကုန်ကုမ္ပဏီများမှာ ဝယ်ယူရရှိပြီး ယခင်ထက် (၅)ရာခိုင်နှုန်းခန့်သာ ဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်းနှင့် ဝယ်ယူသူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိဘဲ မိမိတို့လိုအပ်သောဆေးများကို အခက်အခဲမရှိဝယ်ယူရရှိနေကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)