တောင်ငူမြို့တွင် ငရုတ်သီးစိမ်းများဈေးကျ

Powered by Drupal

        တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များတွင် ငရုတ်သီးစိမ်း (ကုလားအော်သီး) မှာ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်အထိဈေးနှုန်းရှိသဖြင့် တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဈေးနှုန်းကျဆင်းလာပါသည်။

           ငရုတ်သီးစိမ်း(မိုးထောင်သီး)မှာ ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ကျပ်မှ ၈၀၀၀ကျပ်အထိရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ခန့်အထိဈေးနှုန်းကျဆင်းလာပါသည်။

         ငရုတ်သီးစိမ်း(ကျောက်စိမ်းသီး)မှာ ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိရှိသဖြင့် တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိဈေးနှုန်းကျဆင်းလာပါသည်။

           ငရုတ်သီးစိမ်းအပွမှာ တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)