![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၁၀_5.jpg?itok=kMvhWO27)
တောင်ငူမြို့ရှိ ညောင်ပင်ဈေးသို့ နေရာဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ရှမ်းပြည်ဒေသထွက် ခေါပုတ်များမှာလည်း လူကြိုက်များ၍ ရောင်းအားကောင်းကြောင်းသိရပါသည်။
ခေါပုတ်ကို ကောက်ညှင်းဖြင့်ပြုလုပ်ပြီး မီးကင်၍သော်လည်းကောင်း၊ ဆီဖြင့်ကြော်၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ခေါပုတ်ကို ထန်းလျက်၊ ဆား၊ သကြား၊ ဆီတို့ဟူး၊ ငါးခြောက် စသည်တို့နှင့် မိမိတို့ကြိုက်နှစ်သက်ရာ အဆာပြေစားသုံးနိုင်ပါသည်။
ခေါပုတ်ကို ယခင်ဩဂုတ်လတွင် တစ်ထုပ်လျှင် ၁၀၀၀ ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုစက်တင်ဘာ၊ ဒုတိယအပတ်တွင် တစ်ထုပ်လျှင် ၁၃၀၀ကျပ်၊ နှစ်ထုပ်ယူလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။
DOCA(ပဲခူး)