အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် စတိုးဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ အမှတ်စဉ်(၅)ဖြစ်သည့် (၁၀)ဂရမ်အထက်ရှိ အလှကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ (၁၁.၉.၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀)အချိန်တွင်ပခုက္ကူမြို့၊အမှတ်(၁၂)ရပ်ကွက်၊ မြို့မလမ်းပေါ် အလှကုန်ဆိုင်(၂)ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရသည်။

    အလှကုန်စတိုးဆိုင်မှ လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ (၁၀)ဂရမ်အထက်ရှိ အလှကုန်ပစ္စည်းအမျိုးမျိုး၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)