![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/17.7_5.jpg?itok=5E7GNz6i)
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးနှင့် ဝန်ထမ်းများသည် ၁၁.၉.၂၀၂၄ ရက်၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က (၁၈)၊ အခြေခံပညာမူလတန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ အကြီးတန်းစာရေးဒေါ်စုနွေးသီရိမောင်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို နမူနာမုန့်မျိုးစုံဖြင့် လက်တွေ့ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ဆရာ၊ ဆရာမ (၅) ဦး၊ ကျောင်းသား၊ ကျောင်းသူများ (၁၁၉)ဦး၊ စုစုပေါင်း ဦးရေ(၁၂၄) တက်ရောက်ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)