ဘားအံမြို့ရေပေါ်ဈေးရှိဒန့်သလွန်သီးဈေးနှုန်း

Powered by Drupal

       ၂၀၂၄ ခုနှစ်၊ မိုးရာသီစက်တင်ဘာလ ဒုတိယအပတ်တွင် ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒသထွက် ဒန့်သလွန်သီးကို ဘားအံမြို့အနီးတဝိုက်ရှိကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ဒန့်သလွန်သီးပင်ကို အပိုဝင်ငွေရရှိ ရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တနိုင်တပိုင် စိုက်ပျိုးထားကြသည်။

     ဒန့်သလွန်သီးကို ငါးရံ့၊ငါးခြောက်၊ဘဲဥတို့နှင့်တွဲ ဖက်၍ချက်စားစား၊ ပဲကုလားဟင်း၊ သီးစုံချဉ်ဟင်းချက်၍စားစား၊ ဒန့်သလွန်သီးတောင့်ကို ပြုပြီး(သို့မဟုတ်)မီးကင်ပြီး အတွင်းသားကို ဇွန်းဖြင့်ခြစ်ကာ ကြော်စားစား အမျိုးမျိုးချက်ပြုစားသုံးခြင်းဖြင့် ထမင်းမိန်စေပါသည်။

      ဒန့်သလွန်သီးဈေးနှုန်းမှာဒန့်သလွန်သီးတစ်တောင့်(၁၀၀၀)ကျပ်၊ဒန့်သလွန်သီးသုံးတောင့် တစ်စည်းလျှင်( ၂၅၀၀)ကျပ်နှင့် ဒန့်သလွန်သီး ငါးတောင့်တစ်စည်းလျှင် (၄၀၀၀ ၊၄၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)