မြင်းခြံခရိုင်၏ သီးနှံစုံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး၊ စီးပွားရေးအချက်အချာကျသော ဒေသတစ်ခုဖြစ်ပါသည်။ မြင်းခြံခရိုင်၏ အဓိကစိုက်ပျိုးရေး ထွက်ကုန်များမှာ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီတို့ဖြစ်ပါသည်။ မြင်းခြံဈေးကွက်သို့ နေ့စဉ် သီးနှံမျိုးစုံဝင်ရောက်လျက်ရှိရာ ယခုစက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းဝယ်လျက်ရှိသည့် တစ်ပိဿာဈေးနှုန်းများအနေဖြင့် ကုလားပဲ (929) (၄၉၅၀) ကျပ်၊ ကုလားပဲလုံးကြီး (V2) (၅၃၅၀)ကျပ်၊ ပဲတီစိမ်း (၃၅၂၀)ကျပ်၊ ပဲဇီးကွက် (၅၀၅၀)ကျပ်၊ ပဲပုတ်(ဗမာ)(၇၀၂၅) ကျပ်၊ မတ်ပဲ(၅၄၀၀)ကျပ်၊ မြေပဲ (လုံးဆန်)(၉၇၀၀)ကျပ်၊ အစေ့ထုတ်ပြောင်း(CP) (၁၆၀၀)ကျပ်နှင့် ကြက်သွန်နီ(ကြီး) (၁၈၀၀)ကျပ်မှ (၂၁၀၀)ကျပ်၊ ကြက်သွန်နီ(လတ်) (၁၅၀၀)ကျပ်မှ (၁၇၅၀)ကျပ်၊ ကြက်သွန်နီ(သေး) (၁၂၀၀)ကျပ်မှ (၁၄၀၀)ကျပ်ဖြင့် သီးနှံအမျိုးအစားအလိုက် တစ်ရက်လျှင်(၃၀) ပိဿာဝင်ဖြင့် အိတ်ရေ (၁၀၀)မှ (၁၅၀) အထိ ပွဲရုံများတွင် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

        ယခင်ဩဂုတ်လ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သည့် သီးနှံစုံတစ်ပိဿာဈေးနှုန်းများအနေဖြင့် ကုလားပဲ (929) (၄၆၅၀) ကျပ်၊ ကုလားပဲလုံးကြီး(V2) (၄၈၀၀ )ကျပ်၊ ပဲတီစိမ်း(၃၅၀၀)ကျပ်၊ ပဲဇီးကွက်(၃၈၅၀)ကျပ်၊ ပဲပုတ်(ဗမာ)(၅၄၀၀)ကျပ်၊ မတ်ပဲ(၄၉၅၀)ကျပ်၊ မြေပဲ(လုံးဆန်)(၉၁၀၀)ကျပ်၊ အစေ့ထုတ်ပြောင်း (CP) (၁၃၅၀)ကျပ်နှင့် ကြက်သွန်နီ(ကြီး) (၁၈၀၀)ကျပ်မှ (၂၀၀၀)ကျပ်၊ ကြက်သွန်နီ(လတ်) (၁၅၀၀)ကျပ်မှ (၁၇၀၀)ကျပ်၊ ကြက်သွန်နီ(သေး) (၁၂၀၀)ကျပ်မှ (၁၄၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

         ဩဂုတ်လ ဒုတိယပတ်နှင့် စက်တင်ဘာလ ဒုတိယပတ်တို့တွင် ရောင်းဝယ်မှုဖြစ်ခဲ့သော ဈေးနှုန်းများကိုနှိုင်းယှဉ်ပါက ယခုစက်တင်ဘာလ ဒုတိယပတ်တွင် သီးနှံတစ်ပိဿာလျှင် ကုလားပဲ (929) (၃၀၀) ကျပ်၊ ကုလားပဲလုံးကြီး(V2) (၅၅၀ )ကျပ်၊ ပဲဇီးကွက်(၁၂၀)ကျပ်၊ ပဲပုတ်(ဗမာ) (၁၆၂၅)ကျပ်၊ မတ်ပဲ(၄၅၀)ကျပ်၊ မြေပဲ(လုံးဆန်)(၆၀၀)ကျပ်၊ အစေ့ထုတ်ပြောင်း (CP) (၂၅၀)ကျပ် စသည်ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး ကြက်သွန်နီဈေးနှုန်းများမှာ အနည်းငယ်သာပြောင်းလဲမှုရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် မြင်းခြံခရိုင်ဒေသတွင်း ဝယ်ယူစားသုံးမှုအပြင် မန္တလေးမြို့နှင့် ရန်ကုန်(ဘုရင့်နောင်) သို့လည်းတင်ပို့ရောင်းချလျက်ရှိကြောင်း သီးနှံကုန်သည်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)