ဘားအံမြို့ပေါ် ဆိုင်များရှိသစ်သီးဝလံဈေးနှုန်းအခြေအနေ

Powered by Drupal

  ဘားအံမြို့ပေါ်ဆိုင်များတွင် ရောင်းချလျက်ရှိသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ မန္တလေးမြို့၊ ရန်ကုန်မြို့၊ မြဝတီမြို့နှင့် ဘားအံမြို့အနီးကျေးရွာများမှ အသီးသီးဝင်  ရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၄ မိုးရာသီ စက်တင်ဘာလ ဒုတိယပတ်  ဘားအံမြို့ပေါ်ဆိုင်များတွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ နဂါးမောက်သီး တစ်လုံးလျှင်(၂၀၀၀)ကျပ်၊ စပျစ်သီး(အစေ့လွတ်) တစ်ပိဿာ(၄၀၀၀)ကျပ်၊ စပျစ်သီး(အစေ့ပါ) တစ်ပိဿာ(၃၀၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး)တစ်လုံး လျှင် (၁၈၀၀)ကျပ်၊ ပန်းသီး(ယိုးဒယား) တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ပန်းသစ်တော်သီး (ယိုးဒယား) တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ လိမ္မော်သီး(မြန်မာ) တစ်လုံးလျှင်(၁၃၀၀၊၁၅၀၀)ကျပ်၊ လိမ္မော်သီး(ယိုးဒ ယား) တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ သရက်သီး တစ်လုံးလျှင်(၂၀၀၀၊၃၀၀၀)ကျပ်၊ သြဇာသီး တစ်လုံး လျှင်(၂၀၀၀)ကျပ်၊ မာလကာသီးတစ်လုံးလျှင်(၁၀၀၀၊၁၅၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင်(၃၅၀၀)ကျပ်၊  ကျွဲကောသီး တစ်လုံးလျှင် (၂၀၀၀၊၆၀၀၀)ကျပ်၊ နာနတ်သီး တစ်လုံးလျှင် (၃၀၀၀၊၅၀၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောသီး တစ်လုံးလျှင်(၅၀၀၀)ကျပ်၊ သီးမွှေငှက်ပျောသီး တစ်ဖီးလျှင်(၅၀၀၀၊၆၀၀၀) ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များထံမှ သိရှိရပါသည်။

DOCA(ကရင်)