ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော မီးသွေးဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၄ မိုးရာသီ စက်တင်ဘာလ ဒုတိယပတ်တွင် ကရင်ပြည်နယ်ဒေသထွက် လောင်စာမီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်း သတင်းရရှိသည်။                           

    ၂၀၂၄ ခုနှစ်သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သောမီးသွေးဈေးနှုန်းများမှာ ဘားအံမြို့နယ်အတွင်း နောင်လုံကျော့ကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း ၁၂၀၀၀ ကျပ်၊ ကော့ကရိတ်မြို့နယ် ပသကျေးရွာ၊ ပေါင်ရေပူကျေးရွာတွင် မီးသွေး တစ်အိတ်ဈေးနှုန်း ၁၀၀၀၀ ကျပ်၊  လှိုင်းဘွဲ့မြို့တွင် မီးသွေး တစ်အိတ် ၁၀၀၀၀ ကျပ်၊ ဖာပွန်၊ကမမောင်း မြို့နယ်တွင် မီးသွေးတစ်အိတ် ၁၂၀၀၀ ကျပ်၊  မြဝတီမြို့တွင် မီးသွေး တစ်အိတ်ဈေးနှုန်း ၁၅၀၀၀ ကျပ် ဈေးနှုန်းဖြစ်ပြီး ယခုစက်တင်ဘာလ ဒုတိယပတ် ဘားအံမြို့အတွင်း နောင်လုံကျော့ကျေးရွာ မီးသွေးတစ်အိတ် ဈေးနှုန်း ၁၅၀၀၀ ကျပ်၊ ကော့ကရိတ်မြို့နယ် ပသကျေးရွာ၊ပေါင်ရေပူကျေးရွာတို့တွင် မီးသွေးတစ်အိတ် ၁၃၀၀၀ ကျပ်၊ မြဝတီမြို့တွင် မီးသွေးတစ်အိတ်ဈေးနှုန်း ၁၈၀၀၀ လှိုင်းဘွဲ့မြို့တွင် မီးသွေးတစ်အိတ် ၁၂၀၀၀ ကျပ်နှင့် ဖာပွန်၊ကမမောင်း မြို့နယ်တွင် မီးသွေးတစ်အိတ် ၁၅၀၀၀ ကျပ်တို့ဖြင့် အများပြည်သူများ ဝယ်ယူအသုံးပြုကြကြောင်း သိရသည်။  

                ကရင်ပြည်နယ်ဒေသအတွင် ဖြစ်ပေါ်နေသော သြဂုတ်လနှင့် စက်တင်ဘာလဒုတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင် မီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်နေသည်ကို တွေ့ရှိရသည်။ ယခုလို မီးသွေးဈေးနှုန်းအနည်းငယ်မြင့်တက်ရခြင်းမှာ မိုးတွင်းကာလ မီးသွေးဖိုနားခြင်း၊ မိုးရွာသွန်းမှုနှင့် သယ်ယူကုန်ကျစရိတ်များခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)