မွန်ပြည်နယ်အနေဖြင့် ငရုတ်ကောင်းပင် စိုက်ဧက ၂၉၅၃၅ ဧက၊ ရိတ်ဧက/ ခူးဆွတ်ဧက ၁၈၄၅၈၊ နှုန်း ၉၆.၉၅ ဖြင့် စုစုပေါင်းအထွက် ၁၇၈၉၄၉၇ ပိဿာထွက်ရှိသည်။ မွန်ပြည်နယ်အတွင်း မြို့နယ်များအလိုက် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင် ၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့၊ လမိုင်း၊ ခေါဇာတို့၌ စိုက်ပျိုးသည်။
ထွက်ရှိသည့် ငရုတ်ကောင်းကို ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ငရုတ်ကောင်းဈေးနှုန်းအခြေအနေမှာ ငရုတ်ကောင်းစေ့အခြောက် တစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်၊ တစ်ဆယ်ကျပ်သားလျှင် ၄၈၀၀ကျပ်ဖြစ်သည်။
ငရုတ်ကောင်းကို အိမ်တိုင်း၊ လူတိုင်း စားသုံးကြသော မီးဖိုချောင်သုံး စားသောက်ကုန် ဖြစ်သည်။ ငရုတ်ကောင်းအခြောက်စေ့ကို လှောင်၍လည်းကောင်း၊ ဟင်းခတ်အမွေးအကြိုင်ရရှိစေ၍လည်းကောင်း အသားဟင်းများချက်ပြုတ်ရာတွင် ထည့်သွင်းစားသောက်ရခြင်းလည်းကောင်း၊ ပူရှိန်းရှိန်းမွေးတေးတေးဖြင့် အခိုးပွင့်စေမှုကိုလည်းကောင်း၊ ၎င်းအရသာများကို ငရုပ်ကောင်းမှ ရရှိသည်။
DOCA(မွန်)