၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် မော်လမြိုင်မြို့၌ ကြက်သွန်ဖြူ (ရှမ်းစ)ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊ ယခင် ဩဂုတ်လတွင် ကြက်သွန်ဖြူ (ရှမ်းစ)ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀ ဖြစ်သည်။
ထို့သို့ ကြက်သွန်ဖြူ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် မော်လမြိုင်မြို့၌ ကြက်သွန်ဖြူ ဈေးနှုန်းမြင့်တက်ကြောင်းနှင့် ရှမ်းပြည်နယ်မှ မော်လမြိုင်မြို့သို့ ကြက်သွန်ဖြူကုန်စည်တင်ဆောင်သည့်မော်တော်ယာဉ်၊ ကားလမ်း အခက်အခဲနှင့် ဝင်ရောက်မှုနည်းပါးခြင်းကြောင့် ဈေးနှုန်းမြင့်တက်မှုဖြစ်ကြောင်း သိရှိရသည်။
DOCA(မွန်)