![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/17.26_1.jpg?itok=cwm4aSxE)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးတို့နှင့်အတူ စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကုန်သွယ်ရေးဦးစီးဌာနသို့ လုပ်ငန်းသစ်ထူထောင်ရန် လျှောက်ထားသည့် တောင်ငူခရိုင်၊ ဖြူးမြို့၊ အုတ်ဖြတ်လမ်းရှိ ASAYA TOKYU Company Limitedသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ကုမ္ပဏီ၏ မြေပြင်အခြေအနေများကို စစ်ဆေးခဲ့ရာ ဒါရိုက်တာဒေါ်ပြည့်ဖြိုးအိက ရှင်းလင်းတင်ပြပါသည်။ ASAYA TOKYU Company Limited လယ်ယာသုံး စက်ကိရိယာများ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီဖြစ်ပါသည်။
ထို့နောက် ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)