အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ စက်တင်ဘာလ (၁၂)ရက် နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

      ပူးပေါင်းအဖွဲ့သည် ကျွဲပွဲဈေးအတွင်းနှင့် ဈေးပြင်ပကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများ၌ ခွင့်မပြုဓါတုဆေးများပါဝင်မှုရှိ/မရှိနှင့် ရက်လွန်/ မလွန်ကိုလည်းကောင်း၊ ကျွဲပွဲမြို့ပေါ်ရှိ ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိကိုလည်းကောင်း စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်သူသူဟန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုက်နယ်ကျန်းမာရေးမှူး ဒေါက်တာ ခန့်မင်းထွေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျွဲပွဲဈေးတာဝန်ခံ ဦးသူလွင်ထွန်းတို့ ဦးဆောင်သော အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)