တောင်ငူခရိုင် ဖြူးမြို့တွင် ပဲဈေးအနည်းငယ်ကျ

Powered by Drupal

    တောင်ငူခရိုင် ဖြူးမြို့တွင် စက်တင်ဘာလပထမအပတ်တွင် မတ်ပဲ(ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၂၀၁၀၀၀ကျပ်ရှိရာမှ ယခုစက်တင်ဘာလဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၉၂၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၉၀၀၀ ကျပ် ဈေးနှုန်းကျဆင်းပါသည်။

    ပဲတီစိမ်းမှာ စက်တင်ဘာလပထမအပတ်တွင် (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၄၂၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၂၇၀၀၀ ကျပ် ဈေးနှုန်းကျဆင်းပါသည်။

     ပဲလွန်းဖြူမှာ အရောင်းအဝယ်မဖြစ်ကြောင်း ဖြူးမြို့ ကမ္ဘာကြည်ပွဲရုံမှ သိရပါသည်။

DOCA(ပဲခူး)