ပေါက်ခေါင်းမြို့နယ်၏ မိုးနှမ်းဈေးကွက်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဩဂုတ်လနောက်ဆုံးပတ်မှစ၍ မိုးနှမ်းများစတင်ထွက်ပေါ်ခဲ့ပါသည်။ မိုးနှမ်းစိုက်ဧကမှာ ပေါက်ခေါင်းမြို့နယ်အနေဖြင့် (၃၉၁၆၄)ဧကကျော် စိုက်ပျိုးနိုင်ခဲ့ပြီး နှမ်းအထွက်နှုန်းများအနေဖြင့် ယခင်နှစ်ထက် ပိုထွက်ရှိမည်ဟု ခန့်မှန်းထားသော်လည်း နှမ်းများရိတ်သိမ်းချိန်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ထင်သလောက်ထွက်မှုမရှိဘဲ တစ်ဧကလျှင် ၁၂တင်းမှ၁၅တင်းအထိ ထွက်ရှိကြောင်းသိရပါသည်။ ဈေးနှုန်းများအနေဖြင့် မိုးနှမ်းများစတင်ပေါ် ခါစအချိန်တွင် နှမ်းနက်တစ်တင်းလျှင် (၁၇၀၀၀၀-၁၈၀၀၀၀)ကျပ်၊ နှမ်းနီတစ်တင်းလျှင် (၁၂၀၀၀၀-၁၄၀၀၀၀)ကျပ်အထိ ဈေးရရှိခဲ့ပါသည်။ ယခုအပတ်ဖြစ်သော စက်တင်ဘာလဒုတိယပတ်တွင် နှမ်းနက်တစ်တင်းလျှင် ၁၄၅၀၀၀ကျပ်နှင့် နှမ်းနီတစ်တင်းလျှင် ၁၀၀၀၀၀ကျပ်သာဈေးရရှိခဲ့၍ ပေါ်စထက်စာလျှင် ဈေးကျလာခဲ့သော်လည်း ယခင်နှစ်ဈေးမှာ  နှမ်းနက်တစ်တင်းလျှင် ၈၅၀၀၀ကျပ် နှင့် နှမ်းနီတစ်တင်းလျှင် ၆၀၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်နှစ်ထက်စာလျှင် ဈေးကောင်းရနေသေးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)