![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/17.35_0.jpg?itok=L2zFe5bO)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရှမ်းစုကျေးရွာတွင် နေထိုင်သော ဒေါ်မြင့်အေးပိုင်ဆိုင်သော ခြံလွတ်အတွင်းတွင် ဩဇာပင်များသာ စိုက်ပျိုးထားပြီး အပင်ပေါင်း (၅၀)ကျော် စိုက်ပျိုးထားကြောင်း သိရသည်။ (၃)နှစ်အကြာတွင် ပထမဆုံးအကြိမ် စတင်ခူးဆွတ် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။ ဩဇာသီးမှာ အနီရောင်အသီးနှင့် အစိမ်းသီးဟူ၍ (၂)မျိုးရှိပြီး အစိမ်းမျိုးကိုသာ စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ထွက်ရှိလာသော ဩဇာသီးများကို ပြည်မြို့ မြို့သစ်ဈေးတွင် ရောင်းချကြောင်း သိရသည်။ ယခုစက်တင်ဘာလဒုတိယအပတ်တွင် ရောင်းချသော ဈေးနှုန်းများမှာ ဩဇာသီးအလတ်သန့် (၂၅)လုံးပါ တစ်ခြင်းကို (၇၀၀၀)ကျပ်၊ ဖောက်သည်ဈေးမှာယူလိုပါက အလုံး(၁၀၀)လျှင် (၂၅၀၀၀)ကျပ်ဖြင့်ရောင်းချပြီး တစ်လုံးချင်းလျှင် (၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဩဇာသီးအကြီးအသန့် (၂၅)လုံးပါ တစ်ခြင်းကို (၁၆၀၀၀)ဖြင့်ရောင်းချပြီး ဖောက်သည်ဈေးမှာ အလုံး (၁၀၀)လျှင် (၆၀၀၀၀)ကျပ်ခန့်ဖြင့် ရောင်းချပြီး တစ်လုံးချင်းလျှင် (၈၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရသည်။
DOCA(ပဲခူး)