ပြည်ခရိုင်ရှိ ဆန်ကွဲ၊ ဖွဲနုဈေးကွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ယခင်လဖြစ်သော ဩဂုတ်လနောက်ဆုံးပတ်တွင် ဆန်ကွဲ (Extra) တစ်အိတ်လျှင် ၅၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုစက်တင်ဘာလ ဒုတိယပတ်တွင် တစ်အိတ်ကို ၆၃၀၀၀ကျပ်ဖြစ်၍ နှစ်ပတ်အတွင်း တစ်အိတ်လျှင် ၁၃၀၀၀ကျပ် ဈေးမြင့်တက်လာခဲ့ပါသည်။ ထိုအတူ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် ယခင်ဩဂုတ်လနောက်ဆုံးပတ်၌ ၅၂၀၀၀ ကျပ် ယခုစက်တင်ဘာလဒုတိယပတ်တွင် ၅၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်လနှင့် နှိုင်းယှဉ်လျှင် ၂၀၀၀ကျပ် ဈေးပိုလာခဲ့ပါသည်။ ဆန်ကွဲ(1,2) တစ်အိတ်လျှင် ယခင်လက ၅၆၀၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုစက်တင်ဘာဒုတိယပတ်တွင် ၆၀၀၀၀ကျပ်ဖြင့် တစ်အိတ်လျှင် ၄၀၀၀ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ပါသည်။ ဖွဲနုဈေးမှာလည်း တစ်ပေါင်လျှင် ယခင်လက ၂၇၀ကျပ်ရှိခဲ့ပြီး ယခုစက်တင်ဘာလ ဒုတိယပတ်တွင်  ၂၉၀ကျပ်ဖြင့် တစ်ပေါင်လျှင် ၃၀ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ ပါသည်။ ထိုသို့ ယခင်လကထက် ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ စက်သုံးဆီဈေးများ အနည်းငယ်မြင့်တက်လာခြင်း၊ မွေးမြူရေးသမားများကလည်း ဝယ်ယူစုဆောင်းထားသည့်အတွက် အရောင်းအဝယ်ကောင်းသောကြောင့် ဈေးများမြင့်တက်လာရခြင်း ဖြစ်ပါသည်။

DOCA(ပဲခူး)