ပြည်ငါးသလောက်ဈေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့မဈေးကြီးနှင့် မြို့နယ်အတွင်းရှိဈေးများတွင် ငါးသလောက်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။ ငါးမှာ ငါးသလောက်ဆိုသည့်အတိုင်း အခြားငါးများနှင့် အရသာမတူပဲ ချိုပြီးလေးပင်သောအရသာရှိပါသည်။ ငါးသလောက်မှာ စားသုံးသူတို့ သဘောကျသောအရွယ်အစားရှိသောကြောင့် အရောင်းသွက်ကြောင်း သိရပါသည်။ ငါးသလောက်ပေါင်းရန် သင့်တော်သောအရွယ်အစားငါးများကို ထမင်းဆိုင်များမှ အများဆုံး ဝယ်ယူကြောင်း သိရှိရပါသည်။ ရန်ကုန်မြို့မှ ငါးဝင်ရောက်မှုမှာ ပုံမှန်ဝင်ရောက်လျက်ရှိပြီး မြစ်မှရရှိသော ရေချိုငါးသလောက်မှာ ပို၍လူကြိုက်များပါသည်။ ငါးလောက်ငါးသည် ရေချို၊ ရေငန်နှစ်မျိုးစလုံးတွင် နေထိုင်နိုင်ပါသည်။ ငါးသလောက်ဈေးများအနေဖြင့် ယခင်နှစ်တွင် ငါးသလောက် အကောင်ကြီး တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်နှုန်းဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် ငါးသလောက် အကောင်ကြီး တစ်ပိဿာလျှင် ၄၅၀၀၀ကျပ်မှ ၅၀၀၀၀ကျပ်အထိဈေးများ မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)