ပြည်ဈေးကွက်အတွင်း ယခုနှစ်တွင် ပီနန်ငရုတ်သီးစိမ်းများ ဝင်ရောက်မှုနည်းပါးလျက်ရှိပြီး ပြည်မြို့အနောက်ဘက်ကမ်းရှိ ရွှေဘုံသာရွာ၊ ညောင်ပင်သာရွာဘက်မှသာ အဝင်ရှိသည့်အတွက် ဈေးကွက်အတွင်း ရှားပါးလျက်ရှိကြောင်း သိရပါသည်။ (၅)ရက်ခြားလျှင် တစ်ကြိမ်ခန့်သာ ဝင်ရောက်မှုရှိပြီး မြို့ပေါ်ဈေးများသို့ အပါအဝင် ပိဿာချိန် (၃)ပိဿာခန့်သာ အဝင်ရှိနေပါသည်။
ယခုနှစ်တွင် ပီနန်ငရုတ်သီးစိမ်းမှာ ရန်ကုန်ဘက်မှပြန်လည်ဝင်ရောက်မှုရှိသော်လည်း ယခုနှစ်တွင် အဝင်မရှိသေးကြောင်း သိရပြီး ယခင်နှစ်ဈေးမှာ (၁၀)ကျပ်သားလျှင် ကျပ် ၂၂၀၀-၂၃၀၀ဖြင့် ရောင်းချမှုရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် (၁၀)ကျပ်သားလျှင် ကျပ် ၂၈၀၀-၃၀၀၀နှုန်းဖြင့် ရောင်းချသည့်အတွက် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ကျပ် ၈၀၀နှုန်း ဈေးမြင့် တက်လျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)