ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာဒုတိယပတ်ပဲမျိုးစုံဈေးနှုန်း

Powered by Drupal

      ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာဒုတိယပတ်၏ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ  မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးကျလျက်ရှိပါသည်။

     စက်တင်ဘာဒုတိယအပတ်အတွင်း မတ်ပဲတစ်တင်းလျှင် ၁၂၈၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၂၀၀/၂၅၀ခန့် တင်ပို့မှုရှိပါသည်။ ပဲစင်းငုံဈေးလည်းကျဆင်းနေပြီး တစ်တင်းကို ၁၅၉၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ စက်တင်ဘာလဒုတိယပတ် တွင် ကုလားပဲ(HL)တစ်တင်းကို ၉၇၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၉၀၀၀ကျပ်ဖြင့် ဈေးကျနေပြီး မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၃၀၀ခန့်ရှိပါသည်။ ပဲကြီး (ရွှေကျွန်း) တစ်တင်းကို ၉၀၀၀၀ ကျပ်၊ ကုန်ပဲတစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကို အိတ် ၃၀၀ခန့် အဝယ်ရှိပါသည်။

    စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၁၃၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် ၂၀/၂၅ ခန့် အဝယ်ရှိပါသည်။ ဘိုကိတ်ပဲတစ်တင်းကို ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၁၀၀/၁၅၀ခန့် အဝယ်ရှိပါသည်။

      ပြည်ကုန်စည်ဒိုင်၏ ပဲအရောင်းအဝယ်မှာ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးသီးနှံမှာ အဝယ် သွက်လျက်ရှိပြီး ကျန်ပဲများမှာ ပုံမှန်သာအဝယ်ရှိပါသည်။

DOCA(ပဲခူး)