![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/18.6_5.jpg?itok=PmMvJFDe)
ပြည်ခရိုင်အတွင်းရှိမြို့နယ်များတွင် ဒေသထွက်ကိုင်းခရမ်းချဉ်သီးများ စတင်ထွက်ပေါ်လာပြီ ဖြစ်ပါသည်။ ပြည်မြို့နယ်၊ တီတွဒ်ကျေးရွာ၊ ပေါင်းတလည်မြို့၊ ခွေးရဲကျေးရွာ၊ ရွှေတောင်မြို့နယ် စကိုင်းကျွန်း၊ မင်းတဲကျွန်း၊ ကျီးသဲရွာနှင့် မြို့မရွာတို့မှလည်း ပြည်မြို့နယ်ရှိ ဈေးများနှင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့ရောင်းချကြပါသည်။ စက်တင်ဘာလဒုတိယပတ်တွင် ပေါ်ဦး ပေါ်ဖျား အချိန်ဖြစ်သည့်အတွက် ကိုင်းခရမ်းချဉ်သီးတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ၄၀၀၀ကျပ် ဖြင့် ဈေးကောင်းရရောင်းချနေကြောင်း သိရပါသည်။ ယခင်နှစ်တွင် ကိုင်းခရမ်းချဉ်သီးဈေးမှာ တစ်ပိဿာ လျှင် ၃၅၀၀-၄၀၀၀ကျပ်ဖြင့်ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် တစ်ပိဿာလျှင် ၅၀၀-၁၀၀၀ကျပ်ခန့် ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။
DOCA(ပဲခူး)