ဖိလစ်ပိုင်နိုင်ငံသည် ၈လအတွင်း ဆန်တင်သွင်းမှု ၁၉% တိုးမြင့်လာ

Powered by Drupal

       ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ဆန်တင်သွင်းမှုသည် ယခုနှစ် ပထမ ၈လအတွင်း မတ်ထရစ်တန်ချိန် ၂.၈သန်းရှိပြီး ယခင်နှစ်အလားတူကာလထက် ၁၉% ပိုမိုများပြားခဲ့ကြောင်း နိုင်ငံ၏ စိုက်ပျိုးရေးဌာန DA ၏ အချက်အလက်များအရသိရသည်။

          ၎င်း၏ နောက်ဆုံးအစီရင်ခံစာတွင် ဌာန၏ စက်ရုံစက်မှုလုပ်ငန်းဗျူရို (BPI) မှ ဩဂုတ်လတစ်လတည်းတွင် တင်သွင်းသော ပြည်ပမှဆန်သည် ဇူလိုင်လတွင် တင်သွင်းခဲ့သည့် မတ်ထရစ်တန်ချိန်၂၉၆၃၅၀.၅နှင့်နှိုင်းယှဉ်လျှင် ၂၉၆၃၅၀.၉မတ်ထရစ်တန်ချိန်သို့ တိုးလာသည်ဟုပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းသည် အစောပိုင်းလများတွင် ဝင်ရောက်ခဲ့သည့် မတ်ထရစ် တန်ချိန် ၄၀၀၀၀၀ထက်နည်းပါးသေးကြောင်းသိရသည်။

         စိုက်ပျိုးရေးလက်ထောက်အတွင်းဝန် Arnel de Mesa က ဆန်ဈေးနှုန်းများကျဆင်းလာကြောင်းပြောကြားခဲ့သည်။ ပုံမှန်နှင့်ကောင်းမွန်စွာကြိတ်ခွဲထားသော ဆန်တစ်ကီလိုလျှင် ၄၅ PHP (အမေရိကန်ဒေါ်လာ ၀.၈) ခန့်ရှိသည်ဟု ဆက်လက်ပြောကြားခဲ့သည်။

          အစီရင်ခံစာအရ ဗီယက်နမ်သည် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း မတ်ထရစ်တန်ချိန် ၂.၁၇သန်း သို့မဟုတ် နိုင်ငံ၏ တင်သွင်းမှုစုစုပေါင်း၏ ၇၇% အား ဗီယက်နမ်နိုင်ငံမှ တင်သွင်း လျက်ရှိသည်။ ၎င်း၏ နောက်တွင် ထိုင်း (၃၇၁၃၉၀ မတ်ထရစ်တန်) ပါကစ္စတန် (၁၅၆၁၂၁ မတ်ထရစ်တန်) နှင့် မြန်မာ (၆၆၉၁၀ မတ်ထရစ်တန်) တို့ အသီးသီးရပ်တည်လျက်ရှိသည်။

          ယမန်နှစ်က ပြည်တွင်းသို့ ဆန်တင်ပို့မှုသည် စုစုပေါင်းမတ်ထရစ်တန်ချိန် ၃.၆သန်းရှိပြီး ၂၀၂၂ခုနှစ်တွင် စံချိန်တင်ခဲ့သော မတ်ထရစ်တန်ချိန် ၃.၈၂သန်းထက် ၅.၉% ကျဆင်းသွားခဲ့သည်။

Source : Vnexpress 

DOCA(ရန်ကုန်)