နတ်တလင်းမြို့နယ်ရှိ ကီလိုမာလကာသီးဈေးနှုန်းဈေးကွက်

Powered by Drupal

     မာလကာသီးသည် အပူပိုင်းသီးနှံမျိုးဖြစ်ပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်းနိုင်ပါသည်။ ရေဝပ်ခြင်းကို မနှစ်သက်သော်လည်း စိုက်ပျိုးရလွယ်ကူသော နှစ်ရှည်ပင်သီးနှံမျိုးဖြစ်ပါသည်။ နတ်တလင်းခရိုင်၊   နတ်တလင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ကီလိုမာလကာသီးကို စီးပွားဖြစ်တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။

   နတ်တလင်းမြို့နယ်၊ ကုန်းကြီးကျေးရွာတွင် အိမ်တိုင်းလိုလို ကီလိုမာလကာသီးများကို စိုက်ပျိုးကြပါသည်။ အများအားဖြင့် ကိုင်းကူးပျိုးပင်များကို စိုက်ပျိုးကြပါသည်။ ကိုင်းကူးပင်များ အမြစ်ထွက်လာပါက ပျိုးထုပ်အတွင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရပြီး ပျိုးထုပ်သက်(၇-၈)လသားရှိပါက မြေချစိုက်ပျိုးနိုင်ပြီး အများအားဖြင့် မိုးဦးကာလ အစိုဓာတ်ကောင်းမွန်စွာ ရရှိသည့်ဇွန်လ၊ ဇူလိုင်လ များတွင် စိုက်ပျိုးကြပါသည်။ ကီလိုမာလကာသီး တစ်ဧကစိုက်ပျိုးမည်ဆိုလျှင် ပင်ခြားတန်းခြား ၁၁ ပေ အကွာအဝေးဖြင့် ကိုင်းကူးပျိုးပင်တစ်ပင်လျှင် ငွေကျပ် (၅၀၀၀)ကျပ်နှုန်းဖြင့် အပင်ရေ ၃၂၀ခန့် စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးပြီး တစ်နှစ်သားရှိပါက အသီးများ စတင်ခူးဆွတ်ရပါသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ အလုပ်သမားခအပါအဝင် ငွေကျပ်(၅၀၀၀၀၀၀) ကုန်ကျပါကြောင်း၊ နွေရာသီတွင် ရေလောင်း၊ ရေသွင်းခြင်းများ ပြုလုပ်ပေးပါက တစ်နှစ်ပတ်လုံး အသီးထွက်ရှိနိုင်ပြီး အထွက်နှုန်းအနေဖြင့် အပင်ဖြစ်ထွန်းမှုပေါ်မူတည်၍ ကီလိုမာလကာပင် တစ်ပင်သည် တစ်နှစ်လျှင်အလုံး ရေပျမ်းမျှ (၁၅၀)မှ (၂၀၀)ခန့်ထွက်ရှိပါကြောင်း  သိရှိရပါသည်။

     ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ယခုစက်တင်ဘာလဒုတိယအပတ်တွင် ကီလိုမာလကာသီး တစ်လုံးလျှင် ငွေကျပ် (၃၅၀-၄၀၀)ကျပ်နှုန်းဖြင့်ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့်လည်း မြို့ နယ်တွင်းနှင့် ကြို့ပင်ကောက်၊ ဇီးကုန်း၊ ပေါင်းတည်၊ တာပွန်မြို့များသာမက အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချကြကြောင်း သိရှိပါသည်။

DOCA(ပဲခူး)