![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/18.8_4.jpg?itok=J7VYU6RN)
နတ်တလင်းခရိုင်၊ နတ်တလင်းမြို့မဈေး၌ ရောင်းချနေသော ကြက်ဥ၊ ငုံးဥ၊ ဘဲဥ အရောင်းဆိုင်များတွင် စက်တင်ဘာလဒုတိယပတ်ဈေးနှုန်းများအရ ကြက်ဥ၊ ငုံးဥ ဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်းသိရပါသည်။
ယခင်ဩဂုတ်လစတုတ္ထပတ်တွင် ကြက်ဥအလုံးသေးတစ်လုံး (၃၈၀) ကျပ်၊ ကြက်ဥအလုံး လတ်တစ်လုံး (၄၀၀) ကျပ်၊ ကြက်ဥ အလုံးကြီးတစ်လုံး (၄၅၀) ကျပ်၊ ငုံးဥ တစ်လုံး (၁၀၀) ကျပ်၊ ငုံးဥ (၁၀)လုံး (၁၀၀၀) ကျပ်၊ ဘဲဥ တစ်လုံး (၅၅၀) ကျပ်နှုန်းဖြင့် ဈေးရှိခဲ့ပြီး ယခုစက်တင်ဘာလ ဒုတိယအပတ်တွင် ကြက်ဥ အလုံးသေးတစ်လုံး (၃၃၀) ကျပ်၊ ကြက်ဥ အလုံးလတ်တစ်လုံး (၃၅၀) ကျပ်၊ ကြက်ဥ အလုံးကြီးတစ်လုံး (၄၀၀) ကျပ်၊ ငုံးဥ တစ်လုံး (၁၀၀) ကျပ်၊ ငုံးဥ (၁၂)လုံး (၁၀၀၀)ကျပ် ၊ ဘဲဥ တစ်လုံး (၅၅၀)ကျပ်နှုန်းရှိသဖြင့် ကြက်ဥ၊ ငုံးဥဈေးနှုန်းမှာကျဆင်းသွားပြီး ဘဲဥဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။
ကြက်ဥသည် အလွယ်တကူ ချက်ပြုတ်စားသုံးနိုင်ပြီး အစားအသောက်အတော်များများတွင် ပါဝင်နေပါသည်။ အချိန်ကုန်သက်သာခြင်း၊ မုန့်များပြုလုပ်ရာတွင် အသုံးများခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းသွားသော်လည်း အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)