ထိုင်းနိုင်ငံ၏ ဆန်ဈေးနှုန်းများ တစ်နှစ်အတွင်း အနိမ့်ဆုံးဖြစ်လာ

Powered by Drupal

         အင်ဒိုနီးရှားမှ မကြာသေးမီက ကျင်းပခဲ့သော လေလံပွဲ၌ လေလံဆွဲသူများသည် ၎င်းတို့၏ မြင့်မားသောဈေးနှုန်းများကို လျှော့ချခဲ့ကြခြင်းကြောင့် ထိုင်းဆန်ဈေးသည် တစ်နှစ်အတွင်း အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့ပြီး အိန္ဒိယဆန်တင်ပို့မှုမှာလည်း ယခုသီတင်းပတ်အတွင်း အရှုံးပေါ်ခဲ့ပြီး ရှစ်လတာကာလအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့သည်။

      အိန္ဒိယဆန်ကွဲ ၅% သည် ယခုသီတင်းပတ်တွင် တစ်တန်လျှင် ကန်ဒေါ်လာ၅၃၄ဖြင့် ဇန်နဝါရီလလယ်ကတည်းက အနိမ့်ဆုံးအနေအထားတွင်ရှိနေခဲ့ပြီး အစောပိုင်းက ကန်ဒေါ်လာ၅၄၀မှ ကျဆင်းခဲ့ခြင်းဖြစ်သည်။

         ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ဝယ်လိုအားများအားနည်းလျက်ရှိကြောင်း ဝယ်ယူသူများသည် အိန္ဒိယ၏ ပို့ကုန်အကောက်ခွန်ပုံစံကိုလျှော့ချရန် မျှော်လင့်နေကြပြီး အဝယ်များကို ရွှေ့ဆိုင်းလျက်ရှိကြကြောင်း ဆန်တင်ပို့သူများအသင်း၏ ဥက္ကဋ္ဌ Krishra Rao ကပြောကြားခဲ့သည်။

          ထိုင်းဆန်ကွဲ ၅% သည် ယခုသီတင်းပတ်တွင် တစ်တန်လျှင် ကန်ဒေါ်လာ၅၆၅ မှ ကန်ဒေါ်လာ၅၅၀ သို့ကျဆင်းခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့နောက်ပိုင်းမှအစပြု၍ အနိမ့်ဆုံးအဆင့်သို့ကျဆင်းသွားကာ ယခင်အပတ်တွင်ဖော်ပြခဲ့သည့် ကန်ဒေါ်လာ၅၈၅ မှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

          ထိုင်းဆန်ဈေးများမြင့်မားနေသေးသည်ဟု ဈေးကွက်မှ ရှုမြင်နေကြောင်း၊ ရေကြီးမှုကြောင့် ရေတိုစပါးအထွက်နှုန်းကိုထိခိုက်သဖြင့် ဈေးနှုန်းများတက်လာနိုင်ကြောင်း ဘန်ကောက်အခြေစိုက်ကုန်သည်တစ်ဦးကပြောကြားခဲ့သည်။ ဈေးနှုန်းများမြင့်မားမှုကြောင့် အင်ဒိုနီးရှားလေလံပွဲ၌ ထိုင်းလေလံဆွဲသူများသည် အခြားပို့ကုန်လုပ်ငန်းရှင်များထံ ဆုံးရှုံးခဲ့ရကြောင်း အခြားကုန်သည်များကပြောကြားခဲ့သည်။

         ဗီယက်နမ်ဆန်ကွဲ ၅% ကို ကြာသပတေးနေ့တွင် တစ်တန်လျှင် ၅၆၇ဒေါ်လာဖြင့်ကမ်းလှမ်းခဲ့ပြီး လွန်ခဲ့သည့်တစ်ပတ်က ၅၇၅ဒေါ်လာမှ ကျဆင်းခဲ့ကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်းထုတ်ပြန်ချက်အရသိရသည်။ ဗီယက်နမ်မြောက်ပိုင်းတွင် ရေးကြီးရေလျှံမှုများသည် ဆန်စပါးထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ဗီယက်နမ်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

Source : bangkokpost

DOCA(ရန်ကုန်)