နတ်တလင်းမြို့ ကုန်စုံဆိုင်များတွင် ဖြစ်ပေါ်နေသော ကုလားပဲခွဲခြမ်း ၊ ပဲမှုန့် ၊ ပဲခြမ်းကြော် ဈေးနှုန်းအခြေအနေ

Powered by Drupal

      နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ရှိ ကုန်စုံဆိုင်များတွင်  ကုလားပဲခွဲခြမ်း(စိမ်း)၊ ပဲမှုန့်(စိမ်း)၊  ပဲမှုန့် (ကျက်)၊ ကုလားပဲခွဲခြမ်းကြော်၊ ပဲကြီးခြမ်းကြော်များ ရောင်းချလျက် ရှိပါသည်။

       ဩဂုတ်လစတုတ္ထပတ်တွင် ကုလားပဲခွဲခြမ်း(ကြော်) တစ်ပိဿာ (၁၀၈၀၀) ကျပ်၊ ကုလားပဲ ခွဲခြမ်း (စိမ်း) တစ်ပိဿာ (၈၀၀၀) ကျပ်၊ ပဲမှုန့်(အကျက်) တစ်ပိဿာ (၈၀၀၀) ကျပ်၊ ပဲမှုန့်(အစိမ်း) တစ်ပိဿာ (၈၀၀၀)ကျပ်၊ တောင်တွင်းပဲကြီးခြမ်းကြော် တစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ရိုးရိုးပဲကြီးခြမ်းကြော် တစ်ပိဿာ (၁၄၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေပါသည်။

      စက်တင်ဘာလဒုတိယပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ကုလားပဲခွဲခြမ်းကြော် တစ်ပိဿာ (၁၁၂၀၀)ကျပ်၊ ကုလားပဲခွဲခြမ်းအစိမ်း တစ်ပိဿာ (၈၀၀၀) ကျပ်၊ ပဲမှုန့်အကျက် တစ်ပိဿာ (၈၀၀၀)ကျပ်၊ ပဲမှုန့်အစိမ်း တစ်ပိဿာ (၈၀၀၀) ကျပ်၊ တောင်တွင်းပဲကြီးခြမ်းကြော် တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ရိုးရိုးပဲကြီးခြမ်းကြော် တစ်ပိဿာ (၁၄၀၀၀) ကျပ်ဖြင့်ရောင်းချလျက် ရှိရာ ဩဂုတ်လစတုတ္တပတ်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ကြည့်ပါက ကုလားပဲခွဲကြမ်းကြော်ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိပြီး ကျန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)