သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊  သီရိမင်္ဂလာဈေးတွင် စက်တင်ဘာလ (၃) ရက်နေ့မှ စက်တင်ဘာလ (၉) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော ပုပ္ပါးမှ ဩဇာသီးဂျပ်ဖာတစ်ခုလျှင် အလုံးကြီး ကျပ်၂၅၀၀၀၊ အလုံးလတ် ကျပ်၂၂၀၀၀၊ အလုံးသေး ကျပ်၂၀၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး(ဘာဟု)တစ်လုံးလျှင် အလုံးကြီး ကျပ်၄၀၀၀၊ အလုံးလတ် ကျပ်၃၀၀၀၊ အလုံးသေး ကျပ်၂၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး(855)တစ်လုံးလျှင် အလုံးကြီး ကျပ်၉၀၀၀၊ အလုံးလတ် ကျပ်၈၀၀၀၊ အလုံးသေး ကျပ်၆၀၀၀၊ သီပေါမြို့ မှ နာနတ်သီးတစ်လုံးလျှင် အလုံးကြီး ကျပ်၁၈၀၀၊ အလုံးလတ် ကျပ်၁၅၀၀၊ အလုံးသေး ကျပ်၁၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးဂျပ်ဖာတစ်ခုလျှင် အလုံးကြီး ကျပ်၃၃၀၀၀၊ အလုံးလတ် ကျပ်၂၅၀၀၀၊ အလုံးသေး ကျပ်၁၈၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးတစ်လုံးလျှင် အလုံးကြီး ကျပ်၅၀၀၀၊ အလုံးလတ် ကျပ်၃၀၀၀၊ အလုံးသေး ကျပ်၂၀၀၀၊ ကလောမှ ပန်းသီး စက္ကူပုံးတစ်ပုံးလျှင် အလုံးကြီး ကျပ်၄၆၀၀၀၊ အလုံးသေး ကျပ်၃၆၀၀၀၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၆၀၀၊ ရှမ်းပြည်မှ သရက်သီး(ရင်ကွဲ) (၆၀) လုံးပါ အလုံးကြီးတစ်ခြင်းလျှင်  ကျပ်၄၅၀၀၀၊ အလုံးလတ်တစ်ခြင်းလျှင် ကျပ်၄၀၀၀၀၊ အလုံးသေးတစ်ခြင်းလျှင် ကျပ်၃၅၀၀၀ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)