![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၆၃_4.jpg?itok=b9UB0MIA)
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာ၌ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ချဉ်ပေါင်ကို မြေအောက်ရေတင်စနစ်ဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပြီး ၄ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရသည်။
ချဉ်ပေါင်မျိုးအနေဖြင့် အဖြူ၊ အနီမျိုးကိုစိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့(၁.၅)ပြည်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုထွန်ယက်ပြုပြင်ကာ ထွန်းကြောင်းဆွဲ၍ မျိုးစေ့ကို ကြဲပက်စနစ်ဖြင့်စိုက်ပျိုးကြောင်း၊ ၂၀၂၄ခုနှစ်၊ ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလ ပထမပတ်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ်၃၅၀၀၀၀ကုန်ကြကြောင်း၊ အထွက်နှုန်းပိဿာလျှင် (၈၀၀-၉၀၀) ခန့်ထွက်ရှိပြီး ငွေကျပ်၈၅၀၀၀၀ခန့်အကျိုးအမြတ်ရရှိကြောင်းသိရသည်။
ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ ဒုတိယပတ်တွင် လက်ကားဈေး ချဉ်ပေါင်ရွက်တစ်ပိဿာလျှင် ငွေကျပ် (၁၅၀၀-၁၈၀၀) ဖြင့် မကွေးမြို့နှင့် မင်းဘူးမြို့သို့တင်ပို့ကြောင်း၊ မိုးရွာသွန်းမှုများပြားသော်လည်း အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရသောကြောင့် စိုက်ပျိုးရောင်းချသူများအနေဖြင့် အကျိုးအမြတ်များရရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)