![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၇၃_2.jpg?itok=DOLg8YAW)
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ထုံးကြီးကျေးရွာဟုကြားလိုက်သည်နှင့် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်ပြီး ယိုမျိုးစုံထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော ကျေးရွာတစ်ရွာဟု တွေးမိတတ်ကြသည်။ ထုံးကြီးကျေးရွာတွင် ခရမ်းချဉ်သီးများကို ခရမ်းချဉ်သီးထွက်ရှိချိန်၌ ခရမ်း၊ သက္ကလ၊ ပဲခူးနှင့် ဘိုင်းဒါးဒေသများမှဝယ်ယူပြီး အခြားအချိန်ကာလများတွင် ရှမ်းပြည်နယ်ဘက်မှ အင်းသီးများကိုဝယ်ယူ၍ ခရမ်းချဉ်သီးယိုလုပ်ငန်းလုပ်ကိုင်လျက်ရှိပါသည်။ ခရမ်းချဉ်သီးယိုထုတ်လုပ်ရန်အတွက် ကုန်ကြမ်းမှာ ခရမ်းချဉ်သီးနှင့် သကြားကိုအသုံးပြုရပြီး လုပ်သားအရေအတွက် ၅ဦးခန့်ဖြင့်လုပ်ကိုင်လျက်ရှိပါသည်။ တစ်ရက်လုပ်သားခပေးချေရမှုအနေဖြင့် ၉၀၀ဝ- ၁၀၀၀ဝ ကျပ်ခန့်ပေးချေရပြီး ထုတ်လုပ်မှုကုန်ကျစရိတ်သည် သယ်ယူပို့ဆောင်ခအပါအဝင် ခရမ်းချဉ်သီးယို ၁ပိဿာလျှင် ၂၆၀၀ဝကျပ်ခန့်ကုန်ကျပြီး ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ တတိယအပတ်တွင် ၁ပိဿာလျှင် ၃၁၀၀ဝကျပ်ခန့်ဖြင့် ပြန်လည်ရောင်းချကြသည့်အတွက် အကျိုးအမြတ်အားဖြင့် ၁ပိဿာလျှင် ၅၀၀ဝကျပ်ခန့်ရရှိပါသည်။ ဈေးကွက်ရောင်းဝယ်ဖောက်ကားမှုမှာ ဒေသတွင်းနှင့် ရန်ကုန်မြို့တွင်းသို့ တင်ပို့ရောင်းချကြပြီး ကုန်ကြမ်း ၅ပိဿာလျှင် ကုန်ချော ၂ပိဿာ၊ ၇၀ကျပ်သားခန့်ရရှိပြီး တစ်နေ့လျှင် ၈ပိဿာကျော်ခန့်ထုတ်လုပ်နိုင်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)