ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ထိုင်းနိုင်ငံ မှ တင်သွင်း ရောင်းချပြီး ထိုင်းနိုင်ငံ FDAမှ သောက်သုံးရန်မသင့်ဟု တားမြစ်ထားသော ရသေ့တံဆိပ် ဆေးများအား မြဝတီမြို့ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များသို့ ရှောင်တခင် ဝင်ရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မြဝတီမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်((၁၀)ဆိုင်တွင် FDA မှ တားမြစ်ထုတ် ပြန်ထားသော ရသေ့တံဆိပ်ဆေးများနှင့် စပ်ဆေးများ ရောင်းချနေသော ဆိုင်များမှခန့်မှန်းတန် ဖိုးငွေ ၂၂၆၂၀၀/- ကျပ်တန်းဖိုးရှိသော ပစ္စည်းများကို ပူးပေါင်းအဖွဲ့ဖြင့် သိမ်းဆည်းရရှိခဲ့ပါသည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့သည် သိမ်းဆည်းရမိသည့်ပစ္စည်းများမှာ ထိုင်းနိုင်ငံထုတ် ရသေ့ တံဆိပ်ဆေး ၁၈ ပုလင်း၊ ၁ပုလင်း လျှင် ၈၀၀၀/-ကျပ်နှုန်းဖြင့် ၁၈၀၀၀၀/-၊ ထိုင်းနိုင်ငံထုတ် မီးမကင် ဆေး ၆ဗူးတစ်ပါကင် ၁၆၂၀၀/-ကျပ်၊ အရိုးအကြောပျောက် စပ်ဆေးထုတ် ၁၆ထုတ် ၊ ရွှေစင် တံဆိပ် စပ်ဆေးထုတ် ၁၉ထုတ်၊ အကြောပြေ စပ်ဆေးထုတ် ၂၅ထုပ် စုစုပေါင်း အထုတ်၆၀ တန်ဖိုးငွေ ၃၀၀၀၀/-ကျပ်နှုန်း စုစုပေါင်းတန်ဖိုးငွေ ၂၂၆၂၀၀/-ကျပ်ကို ပူးပေါင်းအဖွဲ့စုံဖြင့် သိမ်းဆည်းခဲ့ ကြောင်းနှင့် ဖျက်ဆီးမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။