မြိတ်မြို့သို့ ဆန်ရောက်ရှိလာသဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

      မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို (၁၂.၉. ၂၀၂၄)ရက်နေ့တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှဝယ်ယူ၍ MV လွိုင်ကော်ရေယာဉ်ဖြင့် ဆန်အိတ်များသယ်ဆောင်လာခဲ့ပြီး မြိတ်မြို့သို့ (၁၅.၈.၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့သဖြင့် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ကွင်ဆင်းစစ်ဆေးချက်အရ ဆန်အိတ်ရေ (၇၅၀၀)၊ ဆန်တန် (၃၇၅)တို့ တင်ဆောင်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)