![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19.5_7.jpg?itok=vYJxzABv)
အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးလှစိုး နှင့်ဝန်ထမ်းများသည် ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ သူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရာ (၁၆.၉.၂၀၂၄) ရက်နေ့တွင် တောင်ဒဂုံ မြို့နယ်၊ စိန်တစ်လုံးဆန်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေးအရောင်းဆိုင်အားသွားရောက်၍ ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များ၊ ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင် ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်နှင့် ဆိုင်အတွင်းရှိ စားသောက်ကုန်များသည် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားသောကုန်စည်များကိုရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)