ပုဇွန်တောင်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ စာရင်းကောက်ယူကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် တိုင်းအတွင်း စားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး ကုန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးတို့အတွက် တိုင်းဒေသကြီးအချို့မှ ထွက်ရှိသည့် စားသောက်ကုန်များ၊  ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းမှ ထွက်ရှိသော  ကုန်စည်များနှင့် တိုင်းပြင်ပမှ ဝင်ရောက်နေသည့် ကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းအခြေအနေများကို စာရင်းကောက်ယူလျက်ရှိကြောင်း သိရှိရပါသည်။

   အဆိုပါစာရင်းကောက်ယူရာတွင် (၁၄.၉.၂၀၂၄)ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသည့် ပုဇွန်တောင်ဈေးကွက်အတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို အရှေပိုင်းခရိုင်၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူပူးပေါင်းပြီး ပုဇွန်တောင် မြို့နယ်ဈေးကြီးအတွင်းရှိ အသား၊ငါး၊ဆန်၊ဆီနှင့် မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိူးတို့ကို ဈေးနှုန်း စာရင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)