
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိ ရာသီဥတုအခြေအနေများကြောင့် တိုင်းအတွင်း စားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး ကုန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးတို့အတွက် တိုင်းဒေသကြီးအချို့မှ ထွက်ရှိသည့် စားသောက်ကုန်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ကုန်စည်များနှင့် တိုင်းပြင်ပမှ ဝင်ရောက်နေသည့် ကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းအခြေအနေများကို စာရင်းကောက်ယူရန်အတွက် (၁၄.၉.၂၀၂၄)ရက်နေ့တွင် အရှေပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့်အတူ ဝန်ထမ်း(၄)ဦးတို့သည် ပုဇွန်တောင်ဈေးစည်ပင်သာယာရေး ကော်မတီရုံးမှ တာဝန်ခံတို့နှင့်တွေ့ဆုံပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကောက်ယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)