ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁.၁ သန်းကျော်အထိရှိလာ

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာမှုတွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် ၂၀၂၃ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းတိုးတက်ခဲ့ ပြီးယခုနှစ်ပထမ (၆) လတွင် အမေရိကန်ဒေါ်လာ ၅၈၀ သန်း နီးပါးအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ အကျော်ထိရှိလာနိုင်ဟု ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul ကပြောကြားသည်။ ကမ္ဘောဒီးယား သံအမတ် Santo  က အင်ဒိုနီးရှားသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဆဋ္ဌမအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာသည့် တိုးပွားလာသောစီးပွားရေးကိုပူးပေါင်းဆောင်ရွက်မှုကို သက်သေပြနေသည် ဟု ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည်  အမေရိကန် ဒေါ်လာ ၅၇၉.၄ သန်း အထိရောက်ရှိခဲ့ပြီး ယခင်နှစ် ကုန်သွယ်မှုထက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံရှိခဲ့ကြောင်းပြောကြားခဲသည်။  ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြားနှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းအထိ တိုးလာကြောင်း အလေးပေးပြောကြားခဲ့သည်။ ဝန်ကြီးက ဆန်းသစ်တီထွင်မှုအစပျိုးမှုများနှင့် ကုန်သွယ်မှုဆိုင်ရာအကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက်နှစ်နိုင်ငံအစိုးရကြား ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ Cham Nimul သည်နှစ်နိုင်ငံလုံးတွင် အလားအလာရှိသော ဈေးကွက်များကို ရှာဖွေရန်၊ သတ်မှတ်ထားသောအခွင့်အလမ်းများကို ဖော်ထုတ်ရန်နှင့် မိတ်ဖက်နိုင်ငံသစ်များတိုးပွားလာရန် တိုက်တွန်းခဲ့သည်။

DOCA(ရန်ကုန်)