ဩဂုတ်လတွင် ဗီယက်နမ်နိုင်ငံ ကားရောင်းချမှု ၁၃% ကျဆင်း

Powered by Drupal

ဗီယက်နမ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများအသင်း (VAMA) အဖွဲ့ဝင်များ၏ ဩဂုတ်လကားရောင်းချမှုသည် အစီးရေ ၂၅၁၉၆ စီးဖြင့် လွန်ခဲ့သည့်လကထက် ၁၃% ကျဆင်းခဲ့ ကြောင်း VAMA က စက်တင်ဘာလ ၁၃ ရက်နေ့က ကြေညာခဲ့ပါသည်။ ပြည်တွင်း၌ တပ်ဆင်သည့် ကားမှာ အစီးရေ ၁၂၀၆၄ စီးဖြင့် ၁၃% ကျဆင်းပြီး ပြည်ပမှ အပြည့်အဝ တပ်ဆင်တင်သွင်းလာသည့်ကားများမှာ အစီးရေ ၁၃၁၃၂ စီးဖြင့် လွန်ခဲ့သည့် လထက် ၁၃% ကျဆင်းခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ခရီးသည်တင်ယာဉ်များမှာ အစီးရေ ၁၉၁၂၉ စီးဖြင့် (၁၆% ကျဆင်း)၊ လုပ်ငန်းသုံးယာဉ်များမှာ ၅၉၀၁ စီးဖြင့် (၁% ကျဆင်း) နှင့် Special Purpose ယာဉ်များမှာ ၁၆၆ စီးဖြင့် (၂၃% ကျဆင်း) ခဲ့ကြောင်းသိရပါသည်။ ၈လတာ ကာလအတွင်း VAMA အဖွဲ့ဝင်များသည် ကားအစီးရေ ၁၈၈၉၉၇ စီးရောင်းချခဲ့ပြီး လွန်ခဲ့သည့် နှစ်တူညီသည့် ကာလထက် ၂% မြင့်တက်ခဲ့ပြီး ပြည်တွင်း၌ ထုတ်လုပ်သည့် ယာဉ်များမှာ ၁၁% ကျဆင်းခဲ့ကာ တင်သွင်းသည့်ယာဉ်များမှာ ၂၁% လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ခရီးသည်တင်ယာဉ်လုပ်ငန်းသုံးယာဉ်နှင့် Special Purpose ယာဉ်အရေအတွက် မှာ လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၂% ၊ ၄% နှင့် ၁% အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Audi, Jaguar, Land Rover, Mercedes-Benz, Nissan နှင့် Subaru တို့ပါဝင် သည့် VAMA အဖွဲ့ဝင်မဟုတ်သည့် အမှတ်တံဆိပ်များ ဗီယက်နမ်ဈေးကွက်တွင် တည်ရှိ သော်လည်း ၎င်းတို့၏ စီးပွားရေးရလဒ်များကို မထုတ်ပြန်ကြောင်းသိရပါသည်။ အတွင်းကျကျ သိသူများ၏ အဆိုအရ စက်တင်ဘာလမှစ၍ ၃ လတာကာလသက်ရောက်မှုရှိမည့် မော်တော်ယာဉ်မှတ်ပုံတင်ကြေးများကို တစ်ဝက်ထိလျှော့ချပေးမည့် အစိုးရ၏ မူဝါဒကြောင့် ဗီယက်နမ် ဈေးကွက်သည် လာမည့်လများတွင် ပိုမိုအပေါင်းလက္ခဏာဆောင်သည့် အလား အလာကို ပိုင်ဆိုင်ရမည်ဟု သိရပါသည်။ ထို့ပြင် ကားရောင်းချသူများကလည်း ဝယ်ယူသူများကို ကြေညာမြှင့်တင်သည့် ပရိုဂရမ်များဖြင့် ဆွဲဆောင်ကမ်းလှမ်းနေကြောင်း သိရပါသည်။

Source: VietnamPlus

DOCA(ရန်ကုန်)