![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၂၀၂_4.jpg?itok=jIuFcbg2)
“ကရေကရာ ရွှေညာက မုန့်မျိုး၊ ပေါက်ပေါက်ကယ်ချိုပါလှ အုန်းယိုကတိုး” ဟူသည့် ဆိုရိုးအတိုင်း အညာမုန့်တစ်မျိုးဖြစ်သည့် ကရေကရာသည် မြန်မာတို့နှစ်ခြိုက်စွာစားသုံးကြသော မုန့်တစ်မျိုးဖြစ်ရာ မြန်မာ့ရိုးရာအစားအစာဖြစ်သည့် ကရေကရာကို ဆွမ်းတော်ကပ်ခြင်း၊ စားသုံးခြင်း၊ လက်ဆောင်ပေးခြင်းများ ပြုလုပ်ကြကြောင်း၊ ရာသီစာဖြစ်သည့် ကရေကရာကို တော်သလင်းလမှစ၍ တန်ဆောင်းမုန်းလအထိ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
ကရေကရာကို ရွှေဘိုမြို့၊ မြို့မစည်ပင်သာယာဈေးကြီးတွင်လည်းကောင်း၊ မြို့လည်ခေါင်လမ်းမကြီးတစ်လျှောက်တွင်လည်းကောင်း ရောင်းချချကြောင်း၊ ကရေကရာတွင် ဘောလုံးကြီး၊ အနုစုပ်၊ အညာသားကျောကုံးနှင့် မလိုင်ကရေကရာဟူ၍ အမျိုးမျိုးရှိကြောင်းသိရှိရပါသည်။
ယခုရောင်းချသည့် ကရေကရာဈေးနှုန်းမှာ ဘောလုံးကြီး (ခေါ်) ကရေကရာ(၁)ဆယ်ကျပ်သား (၁)ထုပ်လျှင် (၁၀၀ဝိ/-)ကျပ်၊ (၁)ပိဿာလျှင် (၈၀၀ဝိ/-)ကျပ်၊ အနုစုပ်ကရေကရာ (၁)ထုပ်လျှင် (၁၁၀ဝိ/-)ကျပ်၊ (၁)ပိဿာလျှင် (၁၀၀ဝဝိ/-)ကျပ်၊ အညာသားကျောကုန်း (ခေါ်) စလူမုန့် (၁)ထုပ်လျှင် (၁၁၀ဝိ/-) ကျပ်၊ (၁)ပိဿာလျှင် (၁၀၀၀ဝိ/-)ကျပ်၊ မလိုင်ကရေကရာ (၂၅)ကျပ်သား (၁)ထုပ်လျှင် (၅၀၀ဝိ/-) ကျပ်၊ (၁)ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကရေကရာကို အခြားဒေသသို့ တင်ပို့ရောင်းချခြင်းမရှိဘဲ ရွှေဘိုမြို့ပေါ်နှင့်နီးစပ်သည့် ကျေးရွာများမှ လာရောက်ဝယ်ယူကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)