၂၀၂၀/၂၀၂၁ ခုနှစ်ထွက် ရွှေဘိုပေါ်ဆန်း(အဟောင်း) စပါး/ဆန်လက်ကျန်နှင့် ဈေးကွက်အခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၀/၂၀၂၁ခုနှစ်တွင် မိုးစပါး(၆၃၀၉၉၂)ဧက စိုက်ပျိုးခဲ့ပြီး စပါးအမျိုးအစားလိုက်အနေဖြင့် ရွှေသွယ်ရင်(၄၃၀၃၈)ဧက၊ ဆင်းသုခ(၅၀)ဧက၊ IR-747 (၁၈၉၄၇)ဧက၊ ရက်(၉၀)(၈၃)ဧက၊ ဧရာမင်း(၁၈၆၇၅၈)ဧက၊ မနော်ဟရီ(၂၉၉၆၉)ဧကနှင့် ရွှေဘို ပေါ်ဆန်း(၃၅၂၁၄၇)ဧက စိုက်ပျိုးခဲ့ရာ ရွှေဘိုပေါ်ဆန်းစပါးအနေဖြင့် စုစုပေါင်း စပါးစိုက်ဧက၏ (၅၅.၈၁)% စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။

၂၀၂၀/၂၀၂၁ခုနှစ်ထွက် မိုးစပါး ရွှေဘိုပေါ်ဆန်း(အဟောင်း) စပါး/ဆန်သည် ယခုနှစ်တွင် ဝယ်လိုအားများသည့်အတွက် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၁၇၀၀၀၀ဝိ/-)နှုန်းနှင့် (၂၄)ပြည်ပါဆန်တစ်အိတ်လျှင်(၆၃၀၀ဝိ/-)နှုန်းဖြင့် အပိတ်ဈေးရှိခဲ့ပြီး မတ်လ ဆန်းမှစတင်၍ ရွှေဘိုပေါ်ဆန်းစပါးအများဆုံးစိုက်ပျိုးသည့် ရွှေဘိုခရိုင်တွင် တောင်သူ၊ ကုန်သည်နှင့် စက်ပိုင်များ ထံတွင် လက်ကျန်မရှိသလောက်ဖြစ်ကြောင်း သိရှိရပါသည်။

ယခင်နှစ်တွင် မေလဝက်ခန့်၌ ရွှေဘိုပေါ်ဆန်းစပါး(အဟောင်း)သည် စပါးတင်း(၁၀၀)လျှင် (၁၅၀၀၀၀ဝိ/-)နှုန်း၊ (၂၄)ပြည်ပါဆန်တစ်အိတ်လျှင် (၅၆၀၀ဝိ/-)နှုန်းဖြင့် အပိတ်ဈေးရှိခဲ့သဖြင့် ယခင်နှစ်နှင့် ယခုနှစ် ရွှေဘိုပေါ်ဆန်းစပါး/ဆန်(အဟောင်း) အပိတ်ဈေးနှိုင်းယှဉ်ပါက ယခုနှစ်တွင် စပါးတင်း (၁၀၀)လျှင် (၂၀၀၀၀ဝိ/-)နှင့် တစ်တင်းခွဲဝင်ဆန်တစ်အိတ်လျှင် (၇၀၀ဝိ/-)ဈေးမြှင့်တက်ခဲ့ ကြောင်း လေ့လာသိရှိရပါသည်။