ကျိုက်မရောမြို့နယ်၊ ရှင်စောပု (၂) ရပ်ကွက်နှင့် မြို့မစျေးအတွင်း ရောင်းချသည့် အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    (၁၆.၉.၂၀၂၄) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရှင်စောပု(၂)ရပ်ကွက်နှင့်မြို့မစျေးအတွင်း ရောင်းချသည့် အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ စစ်ဆေးရာ ရှင်စောပု (၂) ရပ်ကွက်နှင့် မြို့မဈေးအတွင်း ရောင်းချနေသာ ကုန်စုံဆိုင်များတွင် Dumex၊ Dupro၊ Ensure အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) တွင်ပြဌာန်းထားသော ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ အဆိုပါ အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရသည်။

DOCA(မွန်)