![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19.25_0.jpg?itok=OzXOj0cB)
၁၄.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်၊ ငန်းတေးတိုးချဲ့ လမ်းအနီး၌ ရပ်တန့်ထားသော Nissan Condor နှင့် Nissan Diesel ယာဉ် (၂) စီးအား မသင်္ကာ ဖွယ်ရာတွေ့ရှိရ၍ မွန်ပြည်နယ်အကောက်ခွန်ဦးစီးဌာနရုံးအတွင်းသို့ မောင်းနှင်ယူဆောင်၍ ၁၅.၉.၂၀၂၄ ရက်နေ့တွင် အဆိုပါပူးပေါင်းအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးရာ ယာဉ်ပေါ်၌ အကောက်ခွန်မဲ့ ပုဇွန် (၁) ကောင်တံဆိပ် စားအုန်းဆီ (၁၀) ပိဿာပါ (၂၉၅) ပုံး၊ ခေါက်ဆွဲခြောက် (၇၀၀) ဖာတို့အား စစ်ဆေးတွေ့ရှိရပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
DOCA(မွန်)