MAB ဘဏ်မှ တာဝန်ရှိသူနှင့် တွေ့ဆုံ၍ ဝန်ဆာင်မှုနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး

Powered by Drupal

    ၁၆.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ စီမံရေးရာဌာနခွဲမှ ဦးစီးမှူး ဦးမင်းနောင်သည် MAB ဘဏ်မှတာဝန်ရှိသူနှင့် တွေ့ဆုံ၍ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ဆွေးနွေးရာတွင်  စားသုံးသူကာကွယ်ရေးဥပဒေအရ လုပ်ငန်းရှင်သည် စားသုံးသူများအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက်၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ သတင်းအချက်အလက်များကို မှန်ကန်ပြည့်စုံစွာပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့်ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများစသည်တို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)