၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့အိုဇုန်းလွာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ အိုဇုန်းလွာ၏အဓိပ္ပာယ်နှင့်ရာသီဥတုပြောင်းလဲမှုတို့အကြား ဆက်နွယ်မှုများ၊ အိုဇုန်းလွာ၏ အကျိုးကျေးဇူးများ၊ ရေခဲသေတ္တာ၊ လေအေးပေးစက်များမှထုတ်လွှတ်သော ကလိုရင်းနှင့် ဘရိုမင်း စသည့် ဓာတုပစ္စည်းများကြောင့် အိုဇုန်းလွာပျက်စီးရခြင်းအကြောင်းအရင်းများအား ရှင်းလင်းပြောကြားခဲ့ပါ သည်။
ဆက်လက်၍ ကမ္ဘာ့အိုဇုန်းလွာထိန်းသိမ်းရေးနေ့ စာစီစာကုံးနှင့်သရုပ်ဖော်ကာတွန်းပြိုင်ပွဲတွင် ဆုရရှိသော အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုကာ အခမ်းအနားအား နံနက်(၁၀း၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)