မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံသည် (၁၂.၉.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် M Power Energy Co.ltd မှ မကွေးမြို့နယ် ပြည်သူများအတွက် စားအုန်းဆီများအား စာအုပ်စနစ်ဖြင့် ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်အတွင်း M Power Energy Co.ltd ၏ ကိုယ်စားလှယ်မှ ခွဲတမ်းရရှိသော စားအုန်းဆီများအား ဆီဆိုင်(၄)ဆိုင်တို့ကို ရပ်ကွက်အလိုက်ခွဲ၍ ရောင်းချပေးခဲ့ရာတွင် စိုးဆီအရောင်းဆိုင်မှ အောင်မင်္ဂလာ၊ အောင်ဇေယျာ၊ ရန်မျိုးလုံ၊ ရန်ကင်း၊ ရန်မျိုးနိုင်၊ ရန်ပယ်နှင့် ရန်ဝေးရပ်ကွက်နေ ပြည်သူများအားလည်းကောင်း၊ စိုးဆီအရောင်းဆိုင်(၂)ဆိုင်မှ အောင်ရတနာရပ်ကွက်နေပြည်သူများအားလည်းကောင်း၊ ဖြိုးဆီအရောင်းဆိုင်မှ ကန်သာရပ်ကွက်နေ ပြည်သူ များအားလည်းကောင်း၊ သန်းဝေယံဆီအရောင်းဆိုင်မှ ရွာသစ်ပွဲကြိုရပ်ကွက်နေပြည်သူများအားလည်းကောင်း အိမ်ထောင်စု တစ်စုလျှင် ဆီစာအုပ် (၁)အုပ် ပြုလုပ်ပေးထားပြီး တစ်ပတ်လျှင် ဆီစာအုပ်(၁)အုပ် စားအုန်းဆီ (၁)ပိဿာနှုန်းဖြင့် အပတ်စဉ် ထုတ်ပေးလျက်ရှိသော စားအုန်းဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအတိုင်း စနစ်တကျဖြင့် အပတ်စဉ် တနင်္လာနေ့မှစနေနေ့အထိ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)