သောက်ရေသန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်ခွဲတာဝန်ခံများသည် လှည်းကူး၊ တိုက်ကြီးနှင့် မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် သောက်ရေသန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် လှည်းကူးမြို့နယ်၊ မြို့မဈေးမှ ကုန်စုံဆိုင်(၂)ဆိုင်၊ တိုက်ကြီးမြို့နယ်၊ မြို့မဈေးမှ ကုန်စုံဆိုင်(၄)ဆိုင်နှင့် မှော်ဘီမြို့မဈေးမှ ကုန်စုံဆိုင်(၅)ဆိုင်တို့ရှိ သောက်ရေသန့်အမျိုးမျိုးအားကွင်းဆင်းစစ်ဆေးခဲ့ရာ အမျိုးအစားပေါင်း (၁၃)မျိုးတွေ့ရှိရပြီး သောက်ရေသန့်အားလုံးတို့တွင် FDA ထောက်ခံချက်များ၊ ကုန်အညွှန်းအမှတ်အသားတွင် ပါဝင်ရမည့်အချက်များပြည့်စုံကြောင်း၊ အမျိုးအစားတွင် သောက်ရေသန့်ဟုလည်းကောင်း၊ ပါဝင်သောအလေးချိန်တွင် လီတာတို့ကိုလည်း မြန်မာဘာသာဖြင့် ဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိပြီး ဌာနအနေဖြင့် ယခုကဲ့သို့ သတ်မှတ်ချက်ပြည့်စုံသော ကုန်ပစ္စည်းများကိုသာရောင်းချပေးရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)