သထုံမြို့နယ်၌ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်း

Powered by Drupal

      ၁၇.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သထုံမြို့မဈေး၌ ဆန်/စပါးကုန်သည်အသင်းနှင့် ဆန်စက်ပိုင်ရှင်အသင်းတို့ ပူးပေါင်း၍ ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေးခဲ့ပါသည်။ ထိုသို့ ရောင်းချရာတွင် ပြည်သူများ စနစ်တကျရှိစေရေး၊ စားသုံးသူပြည်သူများ လက်ဝယ်အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

   အဆိုပါနေ့တွင် ဧည့်မထဆန် တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ပေါ်ဆန်းဆန် တစ်ပြည်လျှင် (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် (၂) ပြည်နှုန်းဖြင့်ရောင်းချပေးခဲ့ရာ ပြည်သူလူထု (၇၂၀) ဦးအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချခြင်းအား သထုံမြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်တွင် အလှည့်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဟု ဆန်ကုန်သည်အသင်းနှင့် ဆန်စက်ပိုင်ရှင်အသင်းတို့ထံမှ သိရှိရပါသည်။

DOCA(မွန်)