မြောင်းမြခရိုင် အိမ်မဲမြို့နယ်မှ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်  (၁၃.၉.၂၀၂၄) နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးဝေဖြိုးနိုင်အား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့  ခေါ်ယူတွေဆုံ၍ ဆီရောင်းချနေမှုအခြေအနေအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ မြို့နယ်အတွက် ခွဲဝေရရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ သယ်ယူပို့ဆောင်စရိတ်ပေါင်းပြီး ၂%     ထက်မပိုသော  ဈေးနှုန်းဖြင့် ရောင်းချရန် (FDA) ထောက်ခံချက်မပါသော စားအုန်းဆီဗူးများကိုလည်း ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ဝယ်ယူစားသုံးသူများအဆင်ပြေ   ဝယ်ယူရရှိနိုင်ရေးအတွက် မြို့နယ်ဖွံ့ဖြို့တိုးတက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးကြရန် စားသုံးဆီများအားဈေးကွက်အတွင်း  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း၊  ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)