ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊မြို့နယ်ဆန်စက်လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ (၁၆.၉.၂၀၂၄) နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် သာသနာ့ဗိမာန် အထက်ပိုင်းရပ်ကွက် စန်းရွှေဝါဆန်စက်နှင့် မြို့မဈေးရှိ ဒေါ်မြထွေးဆန်ဆိုင်တွင် ရောင်းချပေးနေသော ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ သာသနာ့ဗိမာန်အထက်ပိုင်းရပ်ကွက် စန်းရွှေဝါဆန်စက်တွင် ရောင်းချနေသော ဧည့်မထ ဆန်တစ်ပြည်လျှင် ၂၇၀၀ ကျပ်ဖြင့် တကောကျေးရွာနှင့် ပါရမီထောင့်ကျေးရွာတွင် လူဦးရေ(၆၀၀)အား တစ်အိမ်ထောင်လျှင် (၁)ပြည်နှုန်းဖြင့် ရောင်းချ ပေးခဲ့ပြီး၊ မြို့မဈေး ဒေါ်မြထွေးဆန်ဆိုင်တွင်ရောင်းချနေသော ပေါ်ဆန်းဆန် တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ မနောသုခဆန် တစ်ပြည်လျှင် (၃၃၀၀)ကျပ်ဖြင့် ပြည်သူများအား ရောင်းချပေးနေပြီး ဆန်ဆိုင်နှင့်ဆန်စက်ပိုင်ရှင်အား ဆန်ရောင်းချမှုအခြေအနေနှင့် ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆန်ဆိုင်နှင့်ဆန်စက်ပိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်နှင့်ဆန်စက်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)