အင်္ဂပူမြို့ ပဲပြား၊ မုန့်ဖက်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့် အရောင်းဆိုင်များ အားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် FDA ဦးဆောင် ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန ပူးပေါင်းအဖွဲ့သည် (၁၃.၉.၂၀၂၄) ရက်နေ့ နံနက်(၀၈:၃၀)နာရီ အချိန်တွင် အင်္ဂပူမြို့မစည်ပင်ဈေး အတွင်းရှိ ပဲပြား၊ မုန့်ဖက်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့် အရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်စည်များ ဖြစ်သည့် ပဲပြား၊ မုန့်ဖက်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့်များအားတားမြစ်ဆေးဝါးများသုံးစွဲခြင်းရှိ/မရှိ နမူနာ ကောက်ယူစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ် တာဝန်ခံဦးဘိုဘို မှ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် တားမြစ်ချက် များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)