စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ရမှုဌာနခွဲတာဝန်ခံတို့ဦးဆောင်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၇.၉.၂၀၂၄ ရက်နေ့တွင် ပဲခူးမြို့ပေါ်ရှိ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံကာ ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ အဖွဲ့သည် စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍ (Vegetable Oil, Cooking Oil) အမျိုးအမည်ဖော်ပြထားသော စားသုံးဆီများအား စားအုန်းဆီ (သို့မဟုတ်) အဆင့်မြင့် စားအုန်းဆီဟူ၍ ပြန်လည်ပြင်ဆင်ရောင်းချသွားရန်နှင့် အလေးချိန်များကိုလည်း မြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့် ဖော်ပြပေးရန်တို့ကိုလည်းကောင်း၊ စားသုံးဆီများနှင့် ပတ်သက် ၍ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀.၁၂.၂၀၂၁ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့်အညီ ထုတ်လုပ်ရောင်းချဖြန့်ဖြူးသွားရန်လိုအပ်ကြောင်း၊ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့ကို ရောင်းချရာတွင် သတ်မှတ်ထားသည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်အမှတ်(၂/၂၀၂၄)တို့နှင့် ကိုက်ညီအောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပါဝင်သော လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)